Saturday, January 10, 2009

လမ်းညွန်လေး အဆို

တစ်ခုခုအား စမ်း၍ မလုပ်ကြည့်ခြင်းမှာ မအောင်မြင်မှာကြောက်၍ ဟူသော

အကြောင်းပြချက်ကြောင့် မဖြစ်စေရ ။

Friday, December 26, 2008

G ATTACH & Y ATTACH

Gmail က gattach ဆိုတဲ့ Installer လေးတစ်ခုကိုထွင်ခဲ့တာကြာပါပြီ... :P

20 MB အောက်ရှိတဲ့ FILE တစ် FILE ထက် တစ်ချိန်တည်းမှာတွဲပို့လို့ရပါတယ် ။

Gmail ကနေပို့ရင်တော့ 1024 KB သာလက်ခံပါတယ် ။

Yahoo ကလည်း Gmail ကို အားကျမခံ yattach ဆိုပြီးထွက်လာတယ် ။

SE တွင် ရှာ၍ ရနိုင် ။ အဟမ်........ ချောင်းတောင်ဆိုးသွားပြီ.............

ROUTER အကြောင်းလေးပါ

မင်္ဂလာပါ ။ ပို့စ် တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာကြာပြီ ။ ဟီး...............ဟီ.. IT

နှင့်ပတ်သက်တဲ့ အကြောင်းလေးပါ ။ ROUTER အကြောင်းလေးပေါ့ ။

ROUTER 108.11 အကြောင်းလေးပါ ။ သိပြီးသား

သူတွေအတွက်မဟုတ်ပါ.ဟီး...ဟီ.။ မသိသေးသူတွေအတွက်ပါခင်ဗျာ ။

အထင်ပေါ်ဆုံးက 108.11 a / b/ g / n

ROUTER " a " အမျိုးအစားက SPEED နှင့် RANGE ကို LIMITED

ရှိပါတယ်ခင်ဗျာ ။ သူကတော့ သိပ်အဆင် ပြေမှုအရှိပါဘူး ။

" a " ရဲ့ကိုယ်စားပြုကတော့ " ancient " and " avoid "

B အမျိုးအစားကတော့ အများအားဖြင့် အိမ်တွေမှာ သုံးကြပါတယ်ခင်ဗျာ ။

သူကလည်း LIMIT လေးတစ်ခုပါပဲခင်ဗျာ ။ သူကတော့ 10 Mbps

လောက်တော့ရပါတယ်ခင်ဗျာ ။ " B " ရဲ့ကိုယ်စားပြုကတော့ " Bad "

G ရဲ့ SPEED ဟာ B နဲ့ compatible ဖြစ်ပါတယ် ။ G ရဲ့ SPEED UP ကတော့

54 Mbps . G ရဲ့ကိုယ်စားပြုကတော့ GOOD ဘာကြောင့်လဲဆိုတော့

ဘယ်နေရာမှာဆို အဆင်ပြေလို့ပါပဲ ။ N ကတော့ 450 Mbps G နဲ့ B နဲ့

compatible ဖြစ်ပါတယ် ။ N ရဲ့ကိုယ်စားပြုကတော့ Newest ဖြစ်ပါ

တယ် ။ ပြောရမယ်ဆိုရင်တော့ N အမျိုးအစေားက အမြင့်ဆုံးဖြစ်နေလို့ပါ ။

သူတို့ရဲ့ STANDARD LABLES တွေကတော့ .......

a = 54 Mbit/s , 35 m indoors , 120 m outdoors

b = 11 Mbit/s, 38 m indoors , 140 m outdoors

g = 54 Mbit/s , 38 m indoors , 140 m outdoors

n = 248 Mbit/s , 70 m indoors , 250 m outdoors

သိထားတာလေးနဲ့ ဖေါပြတာပါ...ဟီး............................. :P

Friday, November 7, 2008

နိယာမ

သင်္ချာဘာသာရပ်ရဲ

စဉ်းမျဉ်း နိယာမတွေက

အဖြစ်မှန်ကို ရည်ညွှန်းနေသမျှ

အဲဒီ နိယာမတွေက မသေချာပါဘူး။

အဲဒီနိယာမတွေက သေချာနေသမျှလည်း

အဖြစ်မှန်ကို မရည်ညွှန်းနိုင်ပါဘူး။

Tuesday, September 30, 2008

ဟုတ် တယ် ဟုတ်

ဒဏ်ရာဒဏ်ချက်များကို မေ့ပစ်ပါ ။ ကျင်နာမှုကိုတော့ မေ့မပစ်ပါနှင့် ။

ကြားရုံနဲ့တော့မေ့ ။ မြင်တော့ မှတ်မိ ။ လက်တွေ့လုပ်ကြည့်တော့နာလည်း ။

Friday, September 26, 2008

The 21 Indispensable Qualities Of A Leader

စာပေသင်ကြားသူ များသည် ရှင်းလင်းလွယ်ကူသော

အကြောင်းအရာ တစ်ခုကို ရူပ်ထွေးသွားအောင်

လုပ်တတ်ကြသည်။ ထိရောက်စွာ ဆက်သွယ်ဆောင်

ရွက်တတ်သူများကမှု ရူပ်ထွေးသော အကြောင်းအရာ

တစ်ခုကို ရှင်းလင်းလွယ်ကူသွားအောင် လုပ်တတ်ပေသည်

Thursday, September 25, 2008

ဂျွန်စီမက်ခ်စ်ဝဲလ်၏ ဒဿန

ခင်ဗျားဟာ သူတို့အပေါ် ဘယ်လောက်အထိ ဂရုတစိုက် ရှိတယ်ဆိုတာ မသိမချင်း

လူတွေက ခင်ဗျားဘယ်လောက်သိတယ် ၊ တတ်တယ်ဆိုတာကို

ဂရုမစိုက်ကြပါဘူး။

Sunday, September 21, 2008

အေးအတူ ပူအမျှ...


ကယားတွေရဲ့ စံပြထင်ရှားတာကတော့

တောင်ကွဲစေတီပါ ။

တောင်ကွဲစေတီရဲ့ သမိုင်းအကြောင်း

နည်းနည်းဖောချင်လို့..ဟိ....ဟိ.. တောင်ကွဲစေတီ

က အရင်ကဆို ဆုံတွဲ တွေ မသွားရ အချစ်ဆုံးချစ်

သူတွေမသွားရတဲ့.. ချစ်သူတို့ အချစ်ဆုံးတို့ သွားမယ်ဆို

ကွဲတတ်တယ်..။ အခုတော့ မေတ္တာပေါင်းကူးတံတား

ဆက်လိုက်ပြီဆိုတော့ချစ်သူတွေ အချစ်ဆုံးတွေ စိတ်ချ

လက်ချ အေးအေးမြမြနှင့်အတူ

တွဲသွားလို့ရပြီ ....ရောက်ရင်လည်း တောင်သွားတက်လိုက်ဖို့

မမေ့နဲ့နော်..

အိမ်မက်မက်တယ် ဟင့်...ဟင့်...ဟိ...ဟိ..!

ကျွန်တော် ညကအိမ်မက်မက်လေးတစ်ခုဗျာ ။ အဲဒီအိမ်မက်က နေ့စဉ်နှစ်အမျှ

မေးခွန်းတွေပဲ ကိုကိုယ်တိုင်ပြန်မေးမေးလေ့ရှိတယ်ဗျာ ။ ဘာဖြစ်လို့ အဲဒီလို

ကိုကိုယ်တိုင် မေးမေးနေတဲ့ မေးခွန်းတွေပဲ မက်နေရတာလဲ မသိပါဘူး ။ ကမ္ဘာ့

သူဌေးကြီးဖြစ်ချင်လို့လားမသိဘူးဗျာ.... ဟိ.............ဟိ.................... :P

အိမ်မက်တွေထဲမှာ လည်းရင်တွေခုန်နေတာပဲ ။ အိမ်မက်ထဲမှာလည်း

အော်ရော အိမ်မက်ရဲ့ အပြင်ဖက်မှာပါ အသံပါကျယ်လောင်ထွက်လာတယ် ။

ဘာမှ မဆိုင်ဘူးနော်...... အိမ်မက်ထဲက ကိုကိုယ်တိုင်မေးလေ့ရှိသော

မေးခွန်းနဲ့ အိမ်မက်ထဲမှာ က အော်၍ ထွက်လာတဲ့ အသံနဲ့ ဘာမှ မဆိုင်ပါဘူး

....ဟိ........ဟိ... :P

Wednesday, August 27, 2008

ဒဿန စကားစု (၃)

လူတိုင်းသည် အားနည်းချက်ရှိမြဲဖြစ်သည် ။


မသိနားမလည်ခြင်းသည် ပြဿနာ တစ်ရပ်ကို မည်သည့်အခါမျှ

ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။

Sunday, August 24, 2008

ဒဿန စကားစု (၂)

အရှုံးပေးခြင်းသည် တခါတရံ ၌ အောင်မြင်ရန်


အကောင်းဆုံးနည်းလမ်းဖြစ်သည် ။



များများတွေး/ စဉ်းစား ။ ဒါပေမယ့် တစ်ခုပဲလုပ်ပါ ။

Saturday, August 23, 2008

GMAIL , YAHOO & HOTMAIL LIMITATION

သူငယ်ချင်းတစ်ယောက်က gmail account တစ်ခုကို

ဘယ်လောက်ကြာရင်ပိတ်လဲ delete လုပ်ချင်လို့ကော

ရလားဆိုတော့ ကျွန်တော် ဟိုရာ ဒီရှာ နှင့် ဟိုဖတ်ဒီဖတ်နှင့်

တွေ့သွားကော gmail account တစ်ခုကို 6 လမသုံးပဲ

ထားရင်Auto ပိတ်ပါတယ် yahoo mail ကတော့ 4 လ မသုံးရင်

Auto ပိတ်ပါတယ် ။ hotmail ကတော့ 2 လမသုံးရင် ပိတ်ပါတယ် ။

ပိတ်တဲ့အပြင် ကိုယ်ပြန်လိုချင် data, photo လည်းပြန်ရနိုင်တော့မှာ

မဟုတ်ဘူးဗျာ ။

Friday, August 22, 2008

Gmail Account , Yahoo Mail & Hotmail

တစ်ခါတစ်လေတော့ email account တစ်ခုကို ဘယ်လောက်ကြာရင်ပိတ်လဲ

ပြီးတော့ web mail account တစ်ခုကို delete လုပ်လို့ရလားလို့ သူငယ်ချင်း

တစ်ယောက်ကမေးဖူးတယ် ။ ကျွန်တော်လည်း ဟိုရှာ ဒီရှာ နဲ့ တွေ့လိုက်တယ် ။

Gmail Account တစ်ခုကို 6 လနှင့် မသုံးရင် ပိတ်ပါတယ် ။

့Yahoo Account ကတော့ 4 လနှင့်မသုံးရင်

Thursday, August 21, 2008

SSL နှင့် Non SSL

Email အကြောင်းလေးပြောမှာလားလို့ ။ Email ဟာနှစ်မျိုးနှစ်စားရှိပါတယ် ။

Web Mail နှင့် POP3 Mail ဟူ၍ ရှိပါတယ် ။ ဒါပေမဲ့ အဲဒီ Mail တွေဟာ

SSL ( Secure Socket Layer) နှင့် Non SSL ဟူ၍ရှိပါတယ် ။

SSL ဟာ ပို၍ Data Encryption လုပ်ပေးပါတယ် ။

Web Mail ဟာတိုင်း SSL ကိုအသုံးမပြုထားပါ ။

Gmail ကတော့ SSL ကော Non SSL ကောအသုံးပြုပေးထားပါတယ် ။

Yahoo Mail နှင့် Hotmail တို့က SSL ကိုအသုံးမပြုထားပါဘူး ။

SSL နှင့် Non SSL ဘာကွာလဲဆိုတော့ SSL ဟာ User နှင့် Mail Server

ကြားမှာ Hacker တစ်ယောက်က၀င်ပြီး မနှောက်ယှက်နှိင်အောင် ကာကွယ်

နိုင်တဲ့ နည်းပညာဖြစ်ပါတယ် ။

Non SSL စနစ်က Mail Server Logon လုပ်တဲ့အချိန်ပိုမိုမြန်ဆန်စေပါတယ်။

SSL ကတော့ dataencryption လုပ်နေရတဲ့အတွက် Logon time ကပိုကြာပါတယ် ။

Gmail နဲ့ Yahoo Mail , Hotmail Mail တို့ရဲ့ကွာခြားချက်က အဲဒီအချက်ပါပဲ။

Yahoo Mail နှင့် Hotmail Mail တို့က Gmail Mail နှင့် ယှဉ်ရင် Login ပိုမို

မြန်ဆန်ပါတယ်။

Monday, August 18, 2008

ဒဿန စကားစု

အလွယ်ဆုံးသည် အကောင်းဆုံး ။

နည်းနည်းပြောပါ ။ သို့သော် အမှန်ကိုပြောပါ ။

မာနသည် ကျဆုံးမှု၏ ရှေ့ဆောင် ။

လုံ့လရှိသူ နတ်ဝိုင်းကူ ။

ချစ်ခြင်းအစ ဂရုဏာက ။

စိတ်ရင်းကောင်းတော့ အကောင်းတွေ့ ။

မရှိတာထက် မသိတာခက်သည် ။

အတွေ့အကြုံဟာ အကောင်းဆုံးဆရာ တစ်ဆူပဲ ။

Chatting ထဲကဗန်းစကားလေးတွေပါ

FOCL ရယ်ရလွန်းလို့ ထိုင်ခုံပေါ်က ပြုတ်ကျသည်

Falling Off Chair Langhing

H & K ပွေ့ဖက်ခြင်းများနှင့် အနမ်းများစွာ

Hugs and Kisses

HB မြန်မြန်ပြန်လာ

Hurry Back

Hugs ပွေ့ဖက်ခြင်းများ

Huggles

JAS တစ်စက္ကန့်လောက်

Just A Second

JIC လိုလိုမယ်မယ်ပေါ့ဗျာ

Just In Care

LBR နောက်တော့မှ

Later

OIC အိုး- ငါသိပြီ ၊ ငါနားလည်ပြီ

Oh, I See

THX ကျေးဇူးပဲ

Thanks

နီနီရဲ့ နှလုံးသားကဗျာ

ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာနဲ့လေ..........

မညာနဲ့လေ သေချာစဉ်းစား

ဒီတစ်ခါ ရင်ခုန်သံကို ညာခဲ့ရင် ငါနဲ့မင်း တကယ်ကိုအဝေးဆုံး

ဟိုးတစ်ချိန်က ချစ်တယ်လို့ မင်းပြောခဲ့ဖူးတဲ့ စကားတွေ

ငါမှတ်မိလို့နေသေး..................

လွယ်လွယ်မေ့ပစ်လို့ မဖြစ်နိုင်

ဟိုအရင်က မင်းပြောခဲ့ဖူးတဲ့ သိပ်ချစ်တဲ့ကြောင်းတွေ

အကုန်ကျန်ရစ်နေဆဲပဲလေ.................

Friday, August 15, 2008

ကယားတွေရဲ့ ဓလေ့အကြာင်း သမင်လိုက်ပွဲ

ဘာရေးသလိုလို ညာရေးသလိုလိုနဲ့ ကိုယ့်ကယားဓလေ့အကြာင်းကို

ပြောပြချင်ပါတယ်။ ကယားတွေဓလေ့တွေဟာဆိုရင်

သမင်လိုက်ပွဲ ၊ ငှက်လိုက်ပွဲ ၊ တောလိုက်ပွဲ စသည့်ဓလေ့များစွာ

ရှိပါတယ် ။ ကျွန်တော်တို့ဆို သမင်လိုက်ပွဲရှိပြီဆိုရင်

အရမ်းပျော်ဖို့ကောင်းတယ် ။မနက် ၄း၀၀ နာရီအိပ်ယာထ ၊

ထ္မင်းကို သစ်ရွက်နဲ့ထုပ် သတ်သတ်လွတ်ပဲစားရတယ်။

သတ်သတ်လွတ်မစားရင် သမင် မမိမှာစိုးလို့ သတ်သတ်လွတ်ပဲစားရတယ် ။

လူငယ်တွေအများကြီးနဲ့ တော တောင် ချုံ့ကြားတွေမှာ ဟိုတိုးဒီတိုးနဲ့လိုက်ရတယ်။

သမင် တွေ ထွက်လာ မလာအောင် ဟိုရိုက်ဒီရိုက်နဲ့ ဟိုသစ်နပ်ပစ်

ဒီသစ်နပ်ပစ်နဲ့ လုပ်ရတယ်။ပျော်လည်းပျော်တယ် ။ ပင်လည်းပန်းတယ် ။

ယုံတွေလည်းအများကြီးပဲ ယုံလည်းဖမ်း သမင်လည်းဖမ်းညနေစောင်းဆိ

ု သမင်မိပြီ ။ သြော်ကြ ...ဟစ်ကြနဲ့ ။ ရွာကို ပြန်ကြတာပေါ့ ။ ကယားမလေးတွေ

ကြိုဆိုကြတာပေါ့ ။ ကယားမလေးတွေက ချောလိုက်တာ ကိုးရီးမလေးအတိုင်းပဲ

မျက်နှာလေးတွေကိုကြည့်လိုက်ရင် သမင်လိုက်ထားတဲ့အမောတွေ

ဘယ်ရောက်နေပြီမှန်းကို မသိဘူး.............နောက်တာနော်................................. :P

Thursday, August 14, 2008

ထိုးတွေးသိမြင်တတ်ခြင်း

လူတစ်ယောက်ရဲ့အောင်မြင်မှုဟာ သူ့ရဲ့လက်တွေ့အလုပ်နဲ့

ဆက်စပ်နေတဲ့သဘောရှိပါတယ် ။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ

အစဉ်မပြတ်လူပ်ရှားလုပ်ကိုင်နေကြပါတယ်။သူတို့ဟာ

အမှားတွေကိုလည်း လုပ်မိကြတာပါပဲ ။ ဒါပေမဲ့ အဲဒီအမှားတွေကြောင့်

သူတို့အလုပ်တွေကို ရပ်မပစ်ကြပါဘူး

Wednesday, August 13, 2008

နည်းလမ်းတစ်ခု တီထွင်ပါလားဗျာ

ကျွန်တော်တို့ အချို့ဟာ နည်းလမ်းကိုမသိသေးဘူးဆိုရင် တော်တော်ကို

ခက်ခက်ခဲခဲနော်။

အင်္ဂလိပ်စာလုံး TECH ကို လေ့ကျင်မှုပြုလုပ်ကြည့်ရအောင်လားဗျာ ။

ပြောတာပြောနေရတာ လုပ်ရတာခက်ခဲတယ်နော်....ဟိ...ဟိ...

T = Time ( အချိန်ပေးပါ)

E = Exposure ( ထိတွေ့မှုကိုပြုပါ)

A = Assistance (အကူအညီယူပါ)

C = Creativity (ကြံစည်စိတ်ကူးပါ)

H = Hit it ( ထိထိရောက်ရောက်ထိုးနုက်ပါ)

ဟိ...............ဟိ.............. ဆရာကြီးလုပ်တာ မဟုတ်ဘူးနော် ။

Monday, August 11, 2008

တာနေ့တာ ပြာရာအချိန်

ကယားတွေဟာ အခုလိုချိန်ဆို ပြာရာကြတဲ့အချိန်ဖြစ်ပါတယ် ။ မနက် ၅း၀၀ ဆို

ဘုန်းကြီးကျောင်းက အုံးမောင်းခေါက် သံကြားတာနဲ့ တစ်အိမ်နှင့်

တစ်အိမ်အပြိုင်နိုးကြပါတယ် ။မနက်စောစောထထချင်း

ကြားရတဲ့အသံက ငရုပ်သီးထောင်းတဲ့အသံဖြစ်ပါတယ်။

အပြိုင်အဆိုင် ငရုပ်သီးထောင်းတာဘာကြောင့်လဲဆိုတော့ ဟင်းချက် ၊

ထ္မင်းချက်တောင်ပေါ်ကို အရင်တက်ချင်ကြလို့လေ။ မနက် လင်းပြီ

ဆိုတာနဲ့ ပေါက်ပြား ၊ တူ ၊ ဓားရှည် ကိုယ်စီပါပြီး တောင်ပေါ်

တောင်ယာတွေကိုသွားကြပါတယ် ။

ညနေပိုင်း ၅း၀၀ , ၆း၀၀ ဆို ပြန်ပြီးတော့ ကိုးရီးဇတ်လမ်းတွဲနဲ့

အပန်းဖြေကြတာပေါ့  ...ဟိ....ဟိ....................

Tuesday, August 5, 2008

မေမေကို ဂုဏ်ပြုပါ၏

မေမေ..

ခေါင်ရည် အရက်ချက်ပြီး ရှမ်းပြည်ရဲ့ တောင်တန်းတွေနဲ့အတူ

မေမေကျွန်တော်တို့ကို ပြုစုကြွေးမွေးခဲ့တယ်လေ

မေမေ

တောင်ယာတွေခုတ်ပြီး တော တောင် တွေနဲ့အတူ ချွေးများစွာနဲ့

ကျွန်တော်တို့ကို ပြုစုကြွေးမွေးခဲ့တယ်လေ…

အမေ့ အပြုံး

နှလုံးချိုကြည် နွေးထွေးသည်။

အမေ့ စကား

သကာ့ပျားနှယ်၊ နားဝ ချိုအိ မွှေးလှသည်။


အမေ့ မေတ္တာ

စမ်းရေဖြာသို့၊ ရင်မှာ ချမ်းမြေ့ အေးမြသည်။


အမေ့ ရင်ခွင်

ခေါင်းမှေးဝင်ကာ၊ ညစဉ်ညစဉ်


တေးသံစဉ်နှင့်၊ ပုံပြင် နားထောင်ခဲ့ဖူးသည်။


နို့ချို တိုက်ကျွေး

အမေ့သွေးနှင့် သားလေးလူလား မြောက်ခဲ့သည်။


သည်ယနေ့ထိ

အမေ့ကျေးဇူး၊ မဆပ်ဖူးသေး


ရင်မှာလေး၍၊ အကြွေးဝန်ပိ


မချိနှလုံး၊ မျက်ရည်ဖုံးကာ


ယူကြုံးမရ၊ ဗျာပါရနှင့်


သောကရစ်နှောင် တွယ်ငြိဆဲ။


သို့သော်လည်းလေ

အမေ ဆုံးမ၊ သြ၀ါဒနှင့်


ဘ၀ပင်လယ်၊ အပြောကျယ်၌


ဘယ်လောကဓံ၊ ရေစုန်ဆန်ဝဲ


ကူးခတ်ဆဲသာ၊ အောင်ပွဲတစ်နေ့ ရလိမ့်မည်။


သြော် ကျေးဇူးရှင် အမေ

မွေးရပ်မြေ၌၊ သာစေ မာစေ


ရွှင်လန်းစေကြောင်း၊ ဆုတောင်းပန်ထွာ


လက်စုံမိုး၍၊ ရှိခိုး ကန်တော့လိုက်တကား။

Friday, July 25, 2008

အချိန်ကျရောက်ချိန်


အခုချိန်ဆို ကယားပြည်မှာ ဆန်ပါး စိုက်ပျိုးချိန် ၊ မြေပဲ ၊ ပြောင်းဖူး အများကြီး

သီးနှံစိုက်ပျိုးချိန်းပြီး၍အနားယူပြီးတော့ သီးနှံတွေ

ကောင်းအောင်ကြည့်ရူတဲ့အချိန်ပဲဖြစ်ပါတယ် ။

ကျွန်တော်တို့ သီးနှံလည်း အများကြီးထွက်အောင်

ဆုတောင်းတဲ့အချိန်ဖြစ်ပါတယ်။

ဟိ.............ဟိ..........နေ့ည မအား ဆုတောင်းနေရတယ်။

Wednesday, July 23, 2008

မြန်မာတို့၏ Wikipedia လာပြီ !

Wiki ဆိုတာ စာဖတ်သူများ ကိုယ်တိုင် ကြည့်ရှုရေးသားထားသော

စွယ်စုံကျမ်း websiteကြီးတစ်ခုကြီးပင်ဖြစ်သည်။

Wiki သည် မည်သူမဆို ပြုပြင်ရေးသားနိုင်သည်။ မည်သည့်အရာများကို

ပြုပြင်ရေးသားထားသည်ကို Recent Changes မှကြည့်ရှုနိုင်သည်။

နာရီ မိနစ် တို့ဖြင့်မှတ်တမ်းတင်ထား သည်။

Wiki သည်မြန်မာတို့၏ ရှေ့ဆက်နည်းပညာရပ်တစ်ခုပင်ဖြစ်သည်။

Tuesday, July 22, 2008

HAPPY PARENTS' DAY

လာမယ့် 26.7.2008 ရက်နေ့မှာ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့နေ့ဖြစ်ပါတယ် ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေဗျာ........